▶
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရပ်ရွာအဖွဲ့အစည်းတိုင်းရှိ အမျိုးသမီးတိုင်းကို LIFT မှ ဂုဏ်ပြုအပ်ပါတယ်။ ဒီအထဲမှာ LIFT နဲ့အတူ မြန်မာနိုင်ငံအနှံ့က ရပ်ရွာအသိုင်းအဝန်းတွေကို ပိုမိုအားကောင်းလာအောင် ပံ့ပိုးဆောင်ရွက်နေကြတဲ့ မိတ်ဖက်အဖွဲ့များ၊ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများနဲ့ အကူအညီလက်ခံရရှိသူများလည်း အပါအဝင် ဖြစ်ပါတယ်။
ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့ "မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ အားလုံးအတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့ကြိုးပမ်းဆောင်ရွက်မှု" ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေ အခွင့်အလမ်းတွေရယူနိုင်ဖို့၊ အသက်မွေးဝမ်းကျောင်းမှုတွေ တည်ဆောက်နိုင်ဖို့နဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေ ရယူနိုင်ဖို့အတွက် အတားအဆီးတွေကို ဖယ်ရှားခြင်းရဲ့ အရေးပါမှုကို ထပ်လောင်းအတည်ပြုအပ်ပါတယ်။
အမျိုးသမီးတွေအတွက် အရင်းအမြစ်တွေ လုပ်ဆောင်ရည် ကျွမ်းကျင်မှုတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာနေရာတွေမှာ တန်းတူညီမျှ လက်လှမ်းမီခွင့်ရအောင် ဖန်တီးထားတဲ့အခါ ရပ်ရွာအသိုင်းအဝန်းများဟာ ပိုမိုခံနိုင်ရည်ရှိပြီး အားလုံးစည်းလုံးစွာ ပါဝင်နိုင်မှု ရှိလာပါတယ်။
#IWD2026 #ForAllWomenAndGirls #ForAllWomenAndGirls in Myanmar
