Myanmar Earthquake: One Year On, Recovery Continues_MM

Myanmar Earthquake: One Year On, Recovery Continues_MM

(ဤဗီဒီယိုတွင် ဇာတ်လမ်းဖော်ပြမှုကို အထောက်အကူပြုရန်အတွက် AI ဖြင့် ထုတ်လုပ်ထားသော ရုပ်ကတ်များ ပါဝင်ပါသည်။) ငလျင်ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျှက်ရှိဆဲ ဖြစ်ပါသည်။ ငလျင်ဘေးအန္တရာယ်သည် သန်းနှင့်ချီသော လူများ၏ ဘဝများကို ထိခိုက်စေခဲ့ပြီး နေအိမ်များ၊ လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပျက်စီးစေခဲ့သည်။ လူမှုအသိုင်းအဝိုင်း အများအပြားအတွက် ပြန်လည်တည်ဆောက်ရေးဆိုသည်မှာ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှုများကို အထောက်အကူပြုသည့် စနစ်များအား ပြန်လည်ထူထောင် တည့်မတ်ပေးခြင်းကို ဆိုလိုပါသည်။ ညှိနှိုင်းပေါင်းစပ်ထားသော ကယ်ဆယ်ရေးနှင့် အစောပိုင်း ပြန်လည်ထူထောင်ရေး ပံ့ပိုးကူညီမှုများဖြင့် တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများတွင် စိုက်ပျိုးရေးကို တကြော့ပြန် ပြန်လည်စတင်လာနိုင်ကြပြီး အသေးစား စီးပွားရေးလုပ်ငန်းများသည်လည်း ပြန်လည်တည်ဆောက်လျက်ရှိသည်။ ပြန်လည်ထူထောင်ရေးသည် အချိန်ယူရသော်လည်း လူမှုအသိုင်းအဝိုင်းများသည် ဆက်လက် လုပ်ကိုင်ဆောင်ရွက်နေကြသည်။ #RebuildingMyanmarTogether