▶
Interview with 1st runner-up of the Innovate to Nourish (I2N) challenge supported by LIFT and WFP_MM
အာဟာရနဲ့ ပတ်သက်လာရင် အစားအစာဘေးကင်းဖို့ ကလည်း အရေးပါ ပါတယ်။ ဒီအချက်က စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အခြေခံကျတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။ I2N လို့ခေါ်တဲ့ အာဟာရမြှင့်တင်ရေးအတွက် တီထွင်ဆန်းသစ်မှုစွမ်းရည် အထောက်အကူပြု ပြိုင်ပွဲမှာ ပထမဆုရရှိတဲ့ A1 စားသောက်ကုန်လုပ်ငန်းက ဒေါ်အေးခိုင်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။ အခု ဗီဒီယိုလေးမှာ ဘေးကင်းစိတ်ချစွာ စားသုံးနိုင်တဲ့ စားသောက်ကုန်တွေ တိုးမြှင့်ထုတ်လုပ်နေတဲ့ ပြည်တွင်း အသေးစား၊ အလတ်စား စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိအမြင်တွေကို ဒေါ်အေးခိုင်စိုးက မျှဝေပေးထားပါတယ်။
I2N ပြိုင်ပွဲဟာ ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ အာဟာရကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် LIFT နဲ့ WFP တို့ အတူပူးပေါင်းလုပ်ဆောင်နေတဲ့ SUN Business Network ရဲ့ ဆောင်ရွက်မှုတွေထဲက လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
