▶
Talkshow part 2
မကြာမီက မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ခံစားမှုတွေ ကြီးမားခဲ့ပြီး နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်တို့ရဲ့ သမိုင်းကြောင်းအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်ကူညီလျက်ရှီတဲ့ ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ရေးနှင့် ငလျင်လှုပ်ခတ်စဉ် ဘေးကင်းစွာပြုမူ နေထိုင်ရန်နည်းလမ်းကောင်းများကို အပိုင်း(၂)ဖြင့်တင်ဆက်ထားပါတယ်။
ဆက်လက်ပြီးငလျင်မလှုပ်ခတ်ခင် ဘေးလျော့ပါးအောင် ပြုမူနေထိုင်ရန်နည်းလမ်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အခန်းကဏ္ဍအလိုက် တုံ့ပြန်ဆောင်ရွက်မှုများကို ယခု Earthquake Talk Show အပိုင်း(၂)တွင် မျှဝေပေးလိုက်ပါတယ်။
