International Volunteer Day 2023

International Volunteer Day 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စေတနာလုပ်အားရှင်များ အခြေပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များကွန်ယက်ကြောင့်သာ ကြက်ခြေနီအနေနဲ့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ရပ်ရွာလူထုအတွက် အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ပေးစွမ်းနိုင်ခြင်းဖြစ်ပါသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းတွေမှာ နေ့မအား၊ ညမနား ပါဝင်ဆောင်ရွက်ကြလေ့ရှိပြီး မည်သည့် အရေးပေါ်အခြေအနေများမှာမဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများလည်း ဖြစ်ပါသည်။ ယနေ့ ဒီဇင်ဘာလ ၅ရက်နေ့သည် “International Volunteer Day” ဖြစ်ပြီး ယခုနှစ်ရဲ့ဆောင်ပုဒ်ကတော့ “မျှော်လင့်ချက်” ဖြစ်ပါသည်။ အခက်အခဲတွေဘယ်လိုပဲကြုံတွေ့ရနေပါစေ မျှော်လင့်ချက်ရောင်ခြည် မကုန်ဆုံးသေးသရွေ့ အနာဂတ်တွေကဆက်ရှိနေဦးမှာဖြစ်ပြီး ခက်ခဲတဲ့နေ့ရက်တွေမှာတောင် အကူအညီလိုအပ်နေသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်အဖြစ်ရှိနေပေးတဲ့ ကျွန်ုပ်တို့ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို အသင်းမှ အလေးပြုဂုဏ်ပြုလိုက်ရပါသည်။ The backbone of all MRCS’s humanitarian works relies on the volunteer network. Without our vast RCV network, it would be impossible for us to carry out our vital services to the Myanmar communities. RCVs work day and night to respond to some of Myanmar’s worst disasters and are always the first responders to any emergency, small and large. Today, December 5, marks "International Volunteer Day," and the word for today is "HOPE." The future endures as long as the flame of hope persists, overcoming any obstacles. On this day, we extend our heartfelt salute to our Red Cross Volunteers, who serve as a beacon of hope for communities even in the most challenging times. #internationalvolunteerday #IVD2023 #MRCS #MyanmarRedCrossSociety