Restoring Family Link (RFL)

Restoring Family Link (RFL)

နှစ်တစ်နှစ်ရဲ့ သြဂုတ်လ ၃၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာပျောက်ဆုံးသူများနေ့ ( International Disappearance Day) လို့ သတ်မှတ်ထားပါတယ်။ ဒီနေ့လေးကတော့ မိသားစုတွေက ပျောက်ဆုံးသွားကြတဲ့ သူတို့ချစ်ခင်ရသူတွေကို ရှာဖွေနေကြတုန်းပဲဆိုတာကို အသိပေးနေပါတယ်။ ပျောက်ဆုံးနေသူတစ်ဦး ဘယ်နေရာ ရောက်ရှိနေသလဲဆိုတာကို မသိနိုင်တဲ့ မရေရာမှုကြီးက ကြီးမားတဲ့ စိတ်ပိုင်းလူမှုပိုင်း နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနှင့် နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားတဲ့ မိသားစုတွေအကြား အဆက်အသွယ်ပြန်လည်ရရှိအောင် ကူညီပေးနိုင်ဖို့ ကြက်ခြေနီလခြမ်းနီမိသားစုများနှင့် တွဲဖက်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မိသားစုပြန်လည်ဆက်သွယ်ပေးရေး Hotline ဖုန်း ၀၉၉၅၇၅၅၇၀၀၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။